မင်္ဂလာပါ
GS JEWEL အွန်လိုင်း ကျောက်မျက်ရတနာ သင်တန်းမှ ကြိုဆိုပါတယ်။
သင်တန်းကာလသည် သင်တန်းစတင်သည့်အချိန်မှစ၍ အချိန် သုံးလ ကြာမြင့်မည်ဖြစ်ပါသည်။
မိမိကိုယ်တိုင် လေ့လာသင်ယူရမည်ဖြစ်ပြီး သင်ခန်းစာ အဆုံးတွင် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရယူရန် စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။
သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရယူရန် သတ်မှတ်ကာလအတွင်း သင်ခန်းစာအား ပြီးဆုံးအောင်လေ့လာရန်လိုအပ်ပါသည်။
သတ်မှတ်ကာလ ပြည့်သွားလျှင် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ရယူ နိုင်တော့မည်မဟုတ်ကြောင်း သတိပြုစေလိုပါသည်။
သို့သော်လည်း သင်တန်းတက်ရောက်သူများသည် သင်တန်းပါ အချက်အလက်များကို တစ်နှစ်တိတိ လေ့လာဖတ်ရှု့ခွင့်ရဦးမည်ဖြစ်ပါသည်။
အင်္ဂလိပ် မြန်မာဘာသာ တွဲ၍လေ့လာနိုင်မည်ဖြစ်သော်လည်း ကျောက်မျက် ဗေဒ အခေါ်အဝေါ်များသည် အင်္ဂလိပ်မှ မြန်မာဘာသာသို့ တိုက်ရိုက် ဘာသာပြန်ထားသည့်အတွက် ပထမဦးစာ အင်္ဂလိပ် လိုနာလည်ရန် အလွန်ပင်အရေးကြီးပါသည်။ထိုမှာသာ မြန်မာလို ဖတ်ယူရာတွင် လွယ်ကူနိုင်မည်ဖြစ်သည်။
လုပ်ငန်းခွင်ဆိုင်ရာ အသုံးအနှုန်း နှင့် ဘာသာရပ်ဆိုင်ရာ အသုံးအနှုန်း အခေါ်အဝေါ် ကွဲပြားနိုင်ပါသည်။
ထို့ကြောင့် ဤသင်တန်းကိုတက်ရောက်ရန် အင်္ဂလိပ်ဘာသာစကား အသင့်အတင့် တတ်ကျွမ်းရန်လိုအပ်ပါသည်။
သင်တန်းတွင် လေ့လာခွင့်ရမည့် အကြောင်းအရများကို အောက်ပါအတိုင်း ဖော်ပြပေးထားပါသည်။
မြန်မာဘာသာဖြင့်ဖတ်ရှု့ရန် မြန်မာ ဘာသာကို ရွေးချယ်၍ဖတ်ရှု့နိုင်ပါသည်။
အဆုံးတွင် သင်တန်းစာရင်းသွင်းရန်ကို နှိပ်၍ သင်တန်းစာရင်းပေးသွင်းနိုင်ပါသည်။